0
 
မကြာသေးခင်က ထွက်လာတဲ့သတင်းတစ်ပုဒ်မှာ၊ ရုရှားဟက်ကာတစ်ယောက်ဟာ Gmail အပါအ၀င် အီးမေးလ်အကောင့်ပေါင်း ၂၇၃ သန်းလောက်ကို ခိုးယူသွားတယ်လို့ သိရပါတယ်။ ဒီထဲမှာ ကိုယ့် Gmail လည်း မပါနေနိုင်ဘူးလို့ ပြောလို့မရဘူးနော်။

ကိုယ့် Gmail အကောင့်ဆိုတာ အီးမေးလ်တစ်ခုတည်းအတွက်သုံးတာမဟုတ်ဘဲ၊ Google ရဲ့ တခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Google Play Games ၊ Play Store ၊ Google Earth စတာတွေအပြင်၊ Facebook အကောင့်ဖွင့်တာတွေပါ သုံးထားတာဖြစ်တာကြောင့် အကောင့်တစ်ခုပါသွားရင် တော်တော်ဒုက္ခရောက်ရမှာပါ။ ဒါပေမယ့် သိပ်မပူပါနဲ့၊ Google ဟာ ဒီလိုအန္တရာယ်မျိုးတွေအတွက် Gmail မှာ 2-step verification ပေးထားပါတယ်။

2-step verification ဆိုတာ လွယ်လွယ်ပြောရရင်၊ ကိုယ်က ဒီအကောင့်ကို တကယ်သုံးသူဖြစ်ကြောင်း၊ သက်သေအထောက်အထား ၂ ခါ ပြရတာပါ။ ပထမအထောက်အထားက ကိုယ့်အကောင့် password ဖြစ်ပြီး၊ ဒုတိယအထောက်အထားကတော့ ကိုယ့်ဖုန်းဆီ Google က လှမ်းပို့ပေးတဲ့ကုဒ်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်၊ မသမာသူတစ်ယောက်က ကိုယ့် Gmail password ရသွားရင်တောင်၊ ၀င်လို့ရမှာမဟုတ်ဘဲ၊ ပိုင်ရှင်ဖုန်းထဲ ၀င်လာတဲ့ကုဒ်တစ်ခု ထပ်လိုမှာပါ။
ဒါဆို ဒီလို အကောင့်ပိုမိုလုံခြုံမှုရှိတဲ့ two-steps verifaction ဘယ်လိုခံမလဲ။

    ပထမဦးဆုံး၊ ဘရောက်ဆာထဲဝင်ပြီး၊ g.co/2sv ဆိုတာကို address bar မှာ ရိုက်ထည့်လိုက်ပါ။

 

ကိုယ့် gmail အကောင့်နဲ့ password ကို ရိုက်ပြီး၊ Sign In ၀င်ပါ
    Get Started ဆိုတာကို ရွေးလိုက်ပါ။

 

Gmail password နောက်တစ်ကြိမ် ပြန်ရိုက်ပေးပါ။
    အခုဆိုရင် 2-step verification စာမျက်နှာထဲရောက်သွားပါပြီ။ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။
    အောက်မှာ Google က ပို့ပေးတဲ့ကုဒ်ကို ဖုန်းထဲ SMS နဲ့ ယူမလား၊ ဖုန်း call နဲ့ ယူမလား ရွေးပေးလိုက်ပါ။ SMS နဲ့က ပိုအချိန်မြန်ပြီး၊ ပိုလွယ်ပါတယ်။ ပြီးရင် TRY IT ကို နှိပ်လိုက်ပါ။

 
 
    ဒီအဆင့်တွေပြီးရင်၊ သင့်ဖုန်းထဲကို Google ကနေ ကုဒ်တစ်ခု ပို့ပေးပါလိမ့်မယ်။ အဆိုပါ ကုဒ်ကို ရိုက်ထည့်ပြီး Confirm အတည်ပြုပေးပါ။
    နောက်တစ်ဆင့်မှာ Turn On ဆိုတာကို ကလစ်ထပ်နှိပ်လိုက်ပါ။
    ဒါဆိုရင် သင့် Gmail အကောင့်မှာ လုံခြုံရေး ၂ ဆင့် အုပ်ပြီးသွားပါပြီ။ အခုကစပြီး သင့် Gmail ကို ၀င်မယ်ဆိုရင် password အပြင်၊ Google က ဖုန်းထဲပို့ပေးတဲ့ ကုဒ်ကိုပါ ထည့်ရိုက်ရပါမယ်။
    ယခုစာမျက်နှာမှာတော့ အကယ်၍ သင်အခုဖုန်းနံပါတ်ပေးထားတဲ့ဖုန်းပျောက်သွားရင်၊ တခြားဖုန်းတစ်လုံးနဲ့ ကုဒ်ယူနိုင်ဖို့ လုပ်ထားနိုင်ပါတယ်။ Backup phone ဆိုတဲ့အောက်က၊ ADD PHONE ဆိုတာကို နှိပ်ပြီး၊ ကိုယ့်မိဘ၊ဆွေမျိုးတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို ပေးထားနိုင်ပါတယ်။

 

 ဒီလို ဖုန်းကနေ SMS မယူချင်ဘူးဆိုရင်၊ Android ဖုန်းထဲကနေလည်း Google Authenticator အက်ပလီကေးရှင်းရှိရုံနဲ့ လုပ်နိုင်ပါတယ်။

    ပထမဦးဆုံး ကွန်ပြူတာကနေ ဒီလင့်ခ်ကို ကလစ်လိုက်ပါ။
    အောက်နားက Switch to App ဆိုတာကို နှိပ်လိုက်ပါ။
    ပြီးရင် Android ကို ရွေးပေးပါ။

 

Continue ကို ထပ်နှိပ်လိုက်ရင်၊ ကွန်ပြူတာမှာ ဘားကုဒ်တစ်ခု ပေါ်လာပါလိမ့်မယ်။ မပိတ်ဘဲ ဒီတိုင်း ထားထားပါ။
    ကိုယ့် Android ဖုန်းထဲကနေ Play Store ကို သွားပြီး၊ Google Authenticator အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲပါ။

 

ဖုန်းထဲမှာ Install လုပ်ပြီးရင်၊ app ကို ဖွင့်လိုက်ပါ။
    App ထဲကနေ Begin Setup ဆိုတာကို နှိပ်လိုက်ပါ။
    ပြီးရင် Scan a barcode ဆိုတာကို ရွေးပေးပါ။
    ကင်မရာပွင့်လာရင်၊ ကိုယ့်ကွန်ပြူတာစခရင်ပေါ်က ဘားကုဒ်ကို စကင်ဖတ်လိုက်ပါ။
    ဖုန်း app ထဲမှာ ကုဒ်တစ်ခုပေါ်လာပါလိမ့်မယ်။
    အခုကစပြီး၊ သင့် Gmail ကို ၀င်ချင်တဲ့အခါ၊ password ရိုက်ပြီးရင် ဖုန်းက SMS ပို့တာ စောင့်စရာမလိုတော့ဘဲ၊ ဖုန်းထဲက Google Authenticator အက်ပလီကေးရှင်းထဲဝင်ပြီး ကုဒ်ယူနိုင်ပါတယ်။ ဒီကုဒ်ဟာ စက္ကန့် ၃၀ တခါပြောင်းနေတာဖြစ်လို့၊ အလွတ်ကျက်ထားစရာ မလိုပါဘူး။ နောက်တစ်ခါ ၀င်လိုက်ရင် ကုဒ်တစ်ခုပြောင်းသွားမှာပါ။

အထက်ပါ နည်းလမ်းတွေအတိုင်း သင့် Gmail အကောင့်ကို 2-step verification ခံပြီး၊ လုံခြုံမှု ပိုမြှင့်တင်နိုင်ပါတယ်။

Ref: Android Central, Google

Credit - digitaltimes.com.mm

Post a Comment

 
Top