Google Drive ဆိုတာကတော့ ရေပန်းစားတဲ့ Cloud Storage တွေထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ Google Drive ကို Windows, Mac အစရှိတဲ့ OS တွေမှာ ချိတ်ဆက်ပြီး အသုံးပြုနိုင်သလို၊ Ubuntu OS သုံးစွဲသူတွေ အနေနဲ့လည်း Ubuntu OS မှာ Google Drive ကို ချိတ်ဆက် အသုံးပြုလိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ပြီး ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
Google Drive ကို ချိတ်ဆက် အသုံးပြုဖို့အတွက် Ubuntu OS ပေါ်မှာ Google-Drive-Ocaml-fuse ဆိုတဲ့ client software ကို ထည့်သွင်းရပါမယ်။ Google-Drive-Ocamlfuse ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။
နောက်တစ်ဆင့်ကတော့ Google-Drive-Ocamlfuse ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-
sudo add-apt-repository ppa:alessandro-strada/ppa
sudo apt-get update
sudo apt-get install google-drive-ocamlfuse
ဆိုတဲ့ command ဖြစ်ပါတယ်။ အဆိုပါ command ကို ထည့်သွင်းပြီးပြီဆိုရင် Google-Drive-Ocamlfule နဲ့ ပတ်သက်တဲ့ Package ဖိုင်တွေကို download ပြုလုပ်မှာ ဖြစ်တဲ့အတွက် ခဏစောင့်ပေးရပါမယ်။ Download ပြုလုပ်ပြီးသွားပြီဆိုရင် အဆိုပါ ဖိုင်တွေကို တစ်ခါတည်း ထည့်သွင်းပေးသွား ပါလိမ့်မယ်။ အသုံးပြုဖို့ အတွက်ကတော့ Terminal မှာ google-drive ocamlfule ဆိုတဲ့ command ကို ရိုက်ထည့်ပေးပြီး Google Drive ကိုအသုံးပြုတဲ့ account နဲ့ password ကို ထည့်သွင်းပေးလိုက်ရင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Credit - Internet Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.