
Windows 10 Lock Screen မှ Wallpaper များပေါ်မှာ ကြော်ငြာ တွေကိုတွေ့မြင်ဖူးကြမှာပါ။ အဆိုပါ ကြော်ငြာ တွေ Lock Screen မှာတက်နေရင် ဖယ်ရှားရှင်းလင်းဖို့အတွက် Personalization Settings မှာ သွားရောက်ပြီးပြင်ဆင်နိုင်ပါတယ်။
Lock Screen ပေါ်က ကြော်ငြာတွေကို ဖယ်ရှားဖို့အတွက် Start Menu Button ကို နှိပ်ပါ။ ပြီးသွားရင် Settings ဆိုတာကိုရွေးချယ်ပေးရပါမယ်။

Settings ထဲကိုရောက်သွားပြီဆိုရင် Personalization ဆိုတဲ့ Tab ကိုရွေးလိုက်ပါ။

Personalization အောက်က Lock Screen ဆိုတဲ့ Tab ကိုထပ်မံရွေးချယ်ပေးရပါမယ်။ အဆိုပါနေရာ မှာ ညာဘက်အခြမ်းမှာရှိတဲ့ Backgroup ဆိုတဲ့ box နေရာမှာ Windows Spotlight ဆိုတာကို ရွေးထားတာ တွေ့ မြင်ရမှာဖြစ်ပါတယ်။

အဆိုပါ ဟာကိုရွေးချယ်ထားတယ်ဆိုရင် Microsoft က ကြော်ငြာတွေ ကို Lock Screen ပေါ်တင်နေမှုကို သင့်ရဲ့ခွင့်ပြုချက် မယူဘဲ အလိုအလျောက် ပြုလုပ်ပါလိမ့်မယ်။

အကယ်၍ Picture ဆိုတာကို ရွေးချယ်ထား ပါက၊ Get fun facts, tips, tricks, and more lock screen ဆိုတဲ့နေရာကို Disable ပြုလုပ်ပေးထားရပါမယ်။ အဆိုပါ feature ဟာ Microsoft ကနေ ရောင်းချနေတဲ့ app တွေနဲ့ Tomb Raider ကဲ့သို့ ဂိမ်းမျိုးတွေကို ဝယ်ယူရန်အတွက် ကိုယ့်ရဲ့ Lock Screen မှာ ဖော်ပြပေးနေတဲ့ ကြော်ငြာတွေကို ဖယ်ရှားပေး နိုင်ပါတယ်။

အကယ်၍ သင်ဟာ Windows Spotlight ကိုရွေးချယ်ပြီး Microsoft ကနေ အလိုအလျောက် ဖော်ပြပေးနေတဲ့ Lock Screen တွေကို သုံးစွဲချင်တဲ့အခါမှာ ကြော်ငြာတွေကိုလည်း မမြင်ချင်ဘူးဆိုရင် Lock Screen ညာဘက် ထောင့်အပေါ်နားလေးမှာရှိတဲ့ Like what you see? ဆိုတဲ့ နေရာကို ကလစ်နှိပ်လိုက်ပါ။
ပြီးသွားရင် Not a fan ဆိုတာလေးကိုရွေးချယ်ပေးလိုက်ရင် app တွေကိုဝယ်ယူဖို့ ကြော်ငြာနေတဲ့ ကြော်ငြာ တွေဟာ Lock Screen ပေါ်ကနေ ပျောက်သွားမှာဖြစ်ပါတယ်။

Ref: howtogeek
Credit - Internet Journal
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.