0

Huawei ဖုန်းတွေboardfirmware ပြန်ရေးပြီးရင်(သို့မဟုတ်)block zero ထည့်ပြီးရင်internal zero ဖြစ်တာ notification ပျောက်တာ theme ချိန်းမရတာစတာတွေကိုဖြေရှင်းနည်းပါ ဖုန်းကို root လုပ်ထားပြီး block စစ်ရပါမယ်

ဥပမာ
adb devices
adb shell
su
ls -al /dev/block/platform

ဒီအတိုင်းရိုက်လိုက်ရင်
အောက်မှာ
msm_sdcc.1 ဘာညာဆိုပြီးကျလာပါမယ်(ဒီနေရာမှာပေါ်တာက ပုံသေမရှိပါဘူး)
ဒါဆို command ဆက်ရိုက်လို့ရပါပြီ

ls -al /dev/block/platform/msm_sdcc.1/by-name
ဆိုပြီးရိုက်ပါ

ဘယ် block မှာ ဘယ် partition ပါတယ်ဆိုတာ adb command့ ဖော်ပြပေးပါလိမ့်မယ်
ဒါဆို oeminfo ကို ဘယ်block မှာ ရှိလဲဆိုတာကြည့်ပါ

oeminfo က /dev/block/mmcblk0p8 မှာပါတယ်ဆိုတာသိရင်ပြန်ထည့်လို့ရပါပြီ
ကျနော်ပေးထားတဲ့ဖိုင်တွေကို ဒေါင်းပြီး
သက်ဆိုင်ရာ block မှာပြန်ထည့်ပါမယ်
ပြန်ထည့်တဲ့အချိန်မှာ dd command သုံးပါမယ်
ကျနော်တို့ android os ထဲကို ဖိုင်တွေထည့်မယ်ဆိုရင်
တိုက်ရိုက်ထည့်လို့မရပါဘူး
ဖုန်းရဲ့ temp ဖိုင်ထဲကို ယာယီအနေနဲ့ ပို့ပေးရပါတယ်
သုံးရမဲ့ command က

adb push oeminfo.img /data/local/tmp
adb shell
su
dd if=/data/local/tmp/oeminfo.img of=/dev/block/mmcblk0p8

ဒါဆိုရပါပြီ
ပြီးရင် ကျနော်တို့ ယာယီထည့်ထားတဲ့ /data/local/tmpအောက်ကဖိုင်တွေကို
ram လေးမှာကြောက်ရင်ပြန်ဖျက်ပေးလိုက်ပါ
rm /data/local/tmp/oeminfo.img
ပြီးရင် reboot ချပါ
အားလုံးokပါပြီ

qualcomm backgroung open setting ကိုလဲဖွင့်လို့ရပါပြီ
network unlock လဲဖြစ်ပါပြီ

အဆင်ပြေပါစေ

လိုအပ်တဲ့ဖိုင်ကို ဒီမှာဒေါင်းပါ။

Post a Comment

 
Top