3

ရင်ဆိုင်နေရတဲ့ ပြသနာ

  • bootloader locked firmware ကို version မြှင့်မိတဲ့အခါ ၊ region မတူတဲ့ firmware ကိုတင်မိတဲ့အခါ bootloop ဖြစ်သွားခြင်း firmware ကျသွားခြင်း
  •  Phone က bootloader locked ဖြစ်တဲ့အတွက် Miflash နဲ့  Firmware တင်တဲ့ အခါ တင်လို့ မရခြင်း၊ Miflash tool က refuses ဖြစ်နေခြင်း
  • Mi 4c ကို PC မှ Fastboot mode (သို့) Qualcomm HS-USB QDLoader 9008 mode ကိုပဲသိတော့ခြင်း
စတဲ့ ပြသနာတွေကို ဖြေရှင်းနည်းပါ...

၁ ၊ ဖုန်းကို Vol - နဲ့ Power ကိုဖိထားပီး Fastboot mode ထဲဝင်ပါ
၂ ၊ Drive C: ထဲမှာ fastboot နာမည်နဲ့ Folder အသစ်ဆောက်ပါ
၃ ၊ adb.zip ကိုဒေါင်းပီး Winrar နဲ့  ဖြည်ပါ ၊ ရလာတဲ့ ဖိုင် ၄ ခု(adb.exe, fastboot.exe, AdbWinApi.dll, AdbWinUsbApi.dll)ကို စောနက အသစ်လုပ်ထားတဲ့ Drive C အောက်က fastboot folder ထဲ ထည့်ပါ Download-adb.zip

Windows Key+R ကိုတွဲနှိပ်ပါ box တစ်ခုပေါ်လာမည် cmd လို့ရိုက်ပြီး enter ခေါက်ပါ၊ cmd box ပေါ်လာရင်

cd C:\fastboot  လို့ရိုက်enter key ခေါက်

fastboot devices လို့ရိုက် enter key ခေါက်

fastboot oem edl လို့ရိုက် enter key ခေါက်



fastboot oem edl လိုရိုက်ပီး enter နှိပ်တဲ့ အခါမှာ ဖုန်းကို 9008 mode အနေ နဲ့ ကွန်ပျူတာကသိသွားပါလိမ့်မယ် ၊( မှတ်ချက်၊  ၊driver မရှိရင်တော့ Pc က 9008mode ကို သိမှာမဟုတ်ပါဘူး၊ပေးထားတဲ့ လင့်ခ်က QDLoader HS-USB driver ကို Pc မှာသွင်းပါ)
Download-QDLoader HS-USB Driver_32bit_Setup.zip
Download-QDLoader HS-USB Driver_64bit_Setup.zip


Fastboot Firmware ကိုဒေါင်းပါ --> Download-Fastboot or 9008 mode Firmware
Firmare က .tgz နဲ့ ဆုံးတာပါ winrar နဲ့ ဖိုင်ဖြည်ပါ၊ ရလာတဲ့ ဖိုင်အားလုံးကို Drive C: ထဲမှာ 123 ဆိုတဲ့နာမည် နဲ့ folder အသစ်လုပ်ပီး ကော်ပီကူးထည့်ပါ

Miflash tool ကိုဖွင့်ပါ Browse ကိုနှိပ်ပါ 123 နာမည်နဲ့ folder ကိုရွေးပါ refresh ကိုနှိပ် flash ကိုနှိပ်
Download-MiFLash_v20160401.zip













အစိမ်းရောင်တန်း ပြည့်သွားရင် ဖန်းဝဲတင်တာပီးပါပြီ ၊ ပါဝါခလုပ် ကို 10 second လောက်ဖိထားပြီး ပါဝါဖွင့်ပါ (သို့) fastboot oem reboot-edl လို့  cmd box မှာရိုက်ပြီး ပါဝါဖွင့်လို့ ရပါတယ်

အခက်အခဲတစ်စုံတစ်ရာရှိသော် comment ပေးပြီးမေးမြန်းနိုင်ပါတယ်
အရေးကြီး ပါကလည်း 09-976 0909 84 သို့ ဖုန်းခေါ်ပြီး အချိန်မရွေး ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ

Post a Comment

  1. mi 4c firmware တင်တာ critical partition flashing is not allowed ဆိုတဲ့ error တင်နေလို့
    ဘယ်လို လုပ်ရမလဲ ပြောပါလား။ ကျေးဇူးတင်ပါတယ်။

    ReplyDelete

 
Top